နိုင်ငံ့အရေး
စောက်ပျော်ကြိုက်တဲ့လူမျိုး စောက်မှတ်မရှိဘူးလို့ အပြောမခံကြနဲ့။ ============================= နဝတ လက်ထက်မှာ ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးဆိုပြီး သွေးချောင်းစီးသတ်တယ်။ ထောင်မဆံ့အောင်ထည့်ပြီး စစ်ခွေးတိုက်မှာ စိတ်ဓါတ်တွေ သေအောင်သတ်ကြတယ်။ နည်းနည်း ငြိမ်သွားတဲ့အခါ ဘာတွေ လုပ်တယ်ထင်သလဲ။ - အမျိုးသားအားကစားပွဲတော်/ ကျောင်းသားအားကစားပွဲတော် ဆိုပြီး လုပ်တယ်။ လှေသဘင်ပွဲဆိုတာလုပ်တယ်။ မြို့တော်ဝန်မာရသွန် ဆိုပြီးလုပ်တယ်။ အားကစားသမားတွေ၊ ကျောင်းသား မိဘတွေ ပါကုန်ကြရော။ - တရုတ်ပြည်က စွယ်တော် ပင့်လာတယ်။ ကျောက်တော်ကြီးဘုရားကို ဧရာဝတီမြစ်တစ်လျှောက် ဖေါင်နဲ့သယ်တယ်။ ရွှေတိဂုံဘုရားထီးတင်တယ်။ ပုဂံဘုရားတွေ ဆေးသုတ်တယ်။ ဘုရား/တရားသမား၊ ဘာသာရေးသမားတွေ ပါကုန်ကြရော။ - ဆို-က-ရေး-တီး ပြိုင်ပွဲလုပ်တယ်။ မြဝတီအငြိမ့်ပြိုင်ပွဲလုပ်တယ်။ အကယ်ဒမီကို သူတို့ပေးချင်တဲ့သူ အလှည့်ကျပေးတယ်။ အနုပညာသမားတွေ ပါကုန်ကြပြန်ရော။ - စစ်တပ်ရဲ့ ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်၊ Computer တက္ကသိုလ်တွေ ဖွင့်တယ်။ ဒီ အဖွဲ့ဝင်လိုက်ရင် ငါ့သား/ငါ့သမီး နေ့ချင်းအကောင်ဖြစ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ သား/သမီးကောင်းစားစေချင်တဲ့စိတ်နဲ့ မိဘတွ...